သဘောတရားခံယူချက်

သဘာဝမြေကြီး၏ကောင်းကျိုးများစွာပါဝင်သည့် အရသာကောင်းမွန်သောဟင်းသီးဟင်းရွက်ကို တစ်နှစ်ပတ်လုံး ယုံကြည်စိတ်ချစွာ စားသုံးစေချင်ပါသည်။

ကျွန်ုပ်တို့သည် လူသားတို့စားသုံးသည့်အစားအစာကိုပြုလုပ်ရာတွင် သေချာအလေးနက်ထား၍လုပ်ဆောင်လျက်ရှိပါသည်။
တစ်နှစ်ပတ်လုံး အရသာကောင်းမွန်မှုသည်အရေးပါသော်လည်း၊ အန္တရာယ်ကင်းသောအစားအစာကို ယုံကြည်စိတ်ချစွာသုံးဆောင်စေ ခြင်းကပို၍ပင်အရေး ကြီးပါသည်။

စိုက်ပျိုးရေးမှ ထုတ်လုပ်ရေးအဆင့်ထိ သေချာစွာပြုလုပ်ခြင်း

SHII-FARM သည် ဝယ်ယူသူ၏လိုအပ်ချက်အလိုက် ကုန်ပစ္စည်းကိုစီစဉ်ပြီး၊ အော်ဒါလုပ် ဟင်းသီးဟင်းရွက်အဖြစ် စိုက်ပျိုးရေးမှ ခူးယူခြင်း၊ ထုတ်လုပ်ခြင်း၊ ပို့ဆောင်ခြင်းအဆင့်အထိ တသတ်မတ်တည်း ကုမ္ပဏီတွင်း၌ဆောင်ရွက်ပြီး၊ အရသာကောင်းမွန်ပြီး ဘေးကင်းစိတ်ချရသော ဟင်းသီးဟင်းရွက်တို့ကို ဂျပန် တစ်နိုင်ငံလုံးသို့ပို့ဆောင်လျက်ရှိပါသည်။

SHII-FARM မှရပ်ရွာဒေသအားထောက်ပံ့မှု

အစားအစာထောက်ပံ့ခြင်း

SHII-FARM သည်ရပ်ရွာဒေသရှိကျောင်းနေ့လယ်စာအတွက် ဟင်းသီးဟင်းရွက်တို့ကိုပေးပို့လျက်ရှိသည်။ ကလေးများကြီးထားဖွံ့ဖြိုးမှုတွင် မရှိမဖြစ်အရေးပါသော အာဟာရဓာတ်များပါဝင်ကာ ဘေးကင်းစိတ်ချရပြီး၊ အရသာရှိသောဟင်းသီးဟင်းရွက်တို့ကို နေ့စဉ်ပို့ဆောင်လျက် ရှိပါသည်။

လူ့အရင်းအမြစ်ပျိုးထောင်ခြင်း

SHII-FARM တွင်ဝန်ထမ်းဦးရေ ခန့်မှန်းချေ 135 ယောက်ကိုအလုပ်ခန့်အပ်ထားပါသည်။ အလုပ်လုပ်ရကျိုးနပ်သည့် အလုပ်ခွင်ပတ်ဝန်း ကျင်ဖြစ်အောင် ပြင်ဆင်ထားပြီး၊ ဒေသခံတို့၏အလုပ်အကိုင်ရရှိမှုကိုထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရပ်ရွာဒေသကိုထောက်ပံ့ရန်ရည်ရွယ်ထားပါသည်။

လယ်ယာဒေသကိုပြုစုစောင့်ရှောက်ခြင်း

SHII-FARM တွင်ဟင်းသီးဟင်းရွက်အမျိုးအစား 15 မျိုးကိုစိုက်ပျိုးလျက်ရှိပါသည်။ လူသားများသည်လည်းကမ္ဘာမြေ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု၊ မိုးလေဝသတို့နှင့်ကိုက်ညီသည့် ပတ်ဝန်းကျင်၊ ဟင်းသီးဟင်းရွက်၊ လုပ်သားများနှင့် သင့်လျော် သော မြေဆီလွှာစသည်တို့ကို ထည့်သွင်းစဥ်းစားကာ ၊ ဘေးကင်းလုံခြုံစိတ်ချရသော ဟင်းသီးဟင်းရွက်များ ဆက်လက်စိုက်ပျိုးနိုင်ရန် လယ်ယာများကို နေ့စဥ်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

ရပ်ရွာဒေသကိုစောင့်ရှောက်ခြင်း

သက်ကြီးရွယ်အိုများတိုးပွားခြင်းနှင့်အမွေဆက်ခံသူမလုံလောက်ခြင်းများဖြစ်ပွားနေသည့်စိုက်ပျိုးရေးလုပ်ငန်းတွင် SHII-FARM မှရပ်ရွာဒေသ၏ စိုက်ပျိုးရေး လုပ်ငန်းကိုအတတ်နိုင်ဆုံးလမ်းပြပြီး၊ နည်းပညာပေးကမ်းခြင်းနှင့် ကုန်အမှတ်တံဆိပ်ထောက်ပံ့ခြင်း (Brand Support) တို့ကိုဆောင်ရွက်ကာ ရပ်ရွာဒေသ စိုက်ပျိုးရေးလုပ်ငန်းကို ထောက်ပံ့ရန်ရည်ရွယ်ထားပါသည်။

pagetop

အရည်အသွေးမူဝါဒ

SHII-FARM သည် သဘာဝကပေးအပ်သောရာသီဥတု၊ မြေကြီးကိုအသုံးပြုကာ သက်ရှိလူသားတို့အသက်ရှင်နေထိုင်ရန်အတွက် သဘာဝဂေဟစနစ်ပုံစံ စိုက်ပျိုးရေးကိုရည်ရွယ်ပါသည်။

  • လက်ရှိမလုံလောက်သည့်အရာကဘယ်အရာလဲဆိုတာကို လေ့လာစစ်ဆေးပြီး၊ ဆက်လက်၍ပို့ဆောင်ပေးပါမည်။
  • စစ်မှန်သောစားသောက်ကုန် တနည်းအားဖြင့် တစ်ခုချင်းစီ ကိုယ်ပိုင်အရည်အသွေးရှိသောစားသောက်ကုန်ကို ဆက်လက်စိုက်ပျိုးတင်ပို့ပါမည်။
  • စိုက်ပျိုးသည့်သီးနှံကိုစားသုံးသည်ဖြစ်စေ၊ ကမ္ဘာမြေပေါ်တွင်ထားရှိသည်ဖြစ်စေ ဘေးကင်းလုံခြုံရသည့်ပုံစံဖြင့်ဆက်လက်စိုက်ပျိုးပါမည်။
  • စိုက်ပျိုးရေးလုပ်ငန်းလောကရှိ သဘာဝတရားနိယာမကိုနားလည်အောင်ကြိုးပမ်းပြီး၊ ဒေသခံများထံပြောပြပေးကာ နောင်မျိုးဆက်များထံဆက်လက်မျှဝေပေးမည်။
  • ကုန်ကျစားရိတ်ကိုတတ်နိုင်သလောက်လျော့ချပြီး၊ ရေရှည်တည်တံ့သောလုပ်ငန်းစီမံခန့်ခွဲခြင်းကိုဦးတည်၍ဆောင်ရွက်ပါမည်။
Translate »