လူတွေစားတဲ့ပစ္စည်းတွေကို ငါတို့ထုတ်လုပ်တယ်။ ဒါကို ကျွန်တော်တို့ အလေးအနက်ထား တယ်။

လူတွေစားတဲ့ပစ္စည်းတွေကို ငါတို့ထုတ်လုပ်တယ်။
ဒါကို ကျွန်တော်တို့ အလေးအနက်ထား တယ်။

သဘောတရားခံယူချက်

သဘောတရားခံယူချက်

သဘာဝမြေကြီး၏ကောင်းကျိုးများစွာပါဝင်သည့် အရသာကောင်းမွန်သောဟင်းသီးဟင်းရွက်ကို တစ်နှစ်ပတ်လုံး ယုံကြည်စိတ်ချစွာစားသုံးစေချင်ပါသည်။

ကျွန်ုပ်တို့သည် လူသားတို့စားသုံးသည့်အစားအစာကိုပြုလုပ်ရာတွင် သေချာအလေးနက်ထား၍လုပ်ဆောင်လျက်ရှိပါသည်။ တစ်နှစ်ပတ်လုံး အရသာကောင်းမွန်မှုသည် အရေးပါ သော်လည်း၊ အန္တရာယ်ကင်းသောအစားအစာကို ယုံကြည်စိတ်ချစွာသုံးဆောင်စေခြင်းကပို၍ပင်အရေးကြီးပါသည်။

ရွေးချယ်ခံရသည့်အကြောင်း 1

ရွေးချယ်ခံရသည့်အကြောင်း 1

ဝယ်ယူသူနှင့်အကြံဉာဏ်တို့ကိုဝေမျှကာ၊ ဝယ်ယူသူ၏တောင်းဆိုချက်နှင့်အညီစိုက်ပျိုးထုတ်လုပ်သည့် အော်ဒါလုပ် ဟင်းသီးဟင်းရွက်။

SHII-FARM သည် ဝယ်ယူသူတို့၏အကြံဉာဏ်ကိုနားထောင်ပြီး၊ လိုအပ်နေသည့်ကုန်ပစ္စည်းကို ဆိုင်နှင့်ထမင်းစားပွဲပေါ်သို့ တိကျစွာ ပို့ဆောင်နိုင်ရန်အတွက် စိုက်ပျိုးရေးမှစ၍ထုတ်လုပ်ရေး၊ တင်ပို့ခြင်း၊ ဖြန့်ဝေရေးအထိကို ဝယ်ယူသူတို့နှင့်ဆွေးနွေးကာ လိုအပ်နေသည့်ကုန်ပစ္စည်းတို့ကိုဖန်တီးထုတ်လုပ်ပါသည်။

ရွေးချယ်ခံရသည့်အကြောင်း 2

ရွေးချယ်ခံရသည့်အကြောင်း 2

နှစ်စဉ် တန်ချိန် 8000 ကျော်ခန့်ကိုစိုက်ပျိုးသည့် ကုမ္ပဏီပိုင်လယ်ယာဧရိယာ 500 ဟက်တာ။

ဂျပန်နိုင်ငံ၏အကောင်းဆုံးနေရောင်ခြည်ရရှိကာ၊ နေ့နှင့်ညအပူချိန်ကွာြခားခြင်းပြီး အရသာကောင်းမွန်သည့်ဟင်းသီးဟင်းရွက်ကိုထုတ်လုပ်ရန် သင့်လျော်သည့် ကျူးရှူး(Kyushu) ပြည်နယ်တောင်ပိုင်းနှင့်တောင်တန်းဒေသရှိထူးခြားသောမြေဆီလွှာ။ SHII-FARM သည် လယ်ယာမြေနှင့်ကိုက်ညီသည့် သီးနှံစိုက်ပျိုးခြင်းကို အဓိကအခြေခံပြီး၊ ကုမ္ပဏီပိုင် လယ်ယာဧရိယာ 500 ဟက်တာတွင် နှစ်စဉ်တန်ချိန် 8000 ကျော်ခန့် ဟင်းသီးဟင်းရွက်တို့ကိုစိုက်ပျိုးလျက်ရှိပါသည်။

ရွေးချယ်ခံရသည့်အကြောင်း 3

ရွေးချယ်ခံရသည့်အကြောင်း 3

ရာသီအလိုက်အရသာရှိသောသီးနှံတို့ကိုတစ်နှစ်ပတ်လုံးပို့ဆောင်ပေးမည်။
ဂျပန်နိုင်ငံရှိအကြီးမားဆုံး ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရေးကော်ပိုရေးရှင်း

ရာသီအလိုက်ကောင်းမွန်သောအရသာနှင့် လတ်လတ်ဆတ်ဆတ်ခူးယူပြီးထုတ်ပိုးကာ အရသာရှိသောဟင်းသီးဟင်းရွက်တို့ကို တစ်နှစ်ပတ်လုံး ထုတ်လုပ်ပေးနိုင်သည့် အအေးခံဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာ။ SHII-FARM သည်အများထက်သာလွန်ကာ 2003 ခုနှစ်မှစ၍ အအေးခံဟင်းသီးဟင်းရွက်လုပ်ငန်းကိုဆောင်ရွက် ခဲ့သည့် ဂျပန်နိုင်ငံရှိအကြီးမားဆုံး ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရေးကော်ပိုရေးရှင်းဖြစ်ပါသည်။

SHII-FARM
အားကိန်းဂဏာန်းဖြင့်ကြည့်ရှုပါက

  • စိုက်ပျိုးသ
    ည့်သီးနှံအမျိုးအစား

    18မျိုး

  • နှစ်စဉ်စိုက်ပျိုးပမာဏ

    တန်ချိန်
    8,000

  • ဝန်ထမ်းဦးရေ

    135
    ယောက်

  • တည်ထောင်နှစ်

    1965
    နှစ်

  • လယ်ယာအကျယ်အဝန်း
    (ဧရိယာ)

    500
    ဟက်တာ

  • ပင်ရင်းနို
    င်ငံအရေအတွက်

    4
    နိုင်ငံ

pagetop

အရည်အသွေးမူဝါဒ

SHII-FARM သည် သဘာဝကပေးအပ်သောရာသီဥတု၊ မြေကြီးကိုအသုံးပြုကာ သက်ရှိလူသားတို့အသက်ရှင်နေထိုင်ရန်အတွက် သဘာဝဂေဟစနစ်ပုံစံ စိုက်ပျိုးရေးကိုရည်ရွယ်ပါသည်။

  • လက်ရှိမလုံလောက်သည့်အရာကဘယ်အရာလဲဆိုတာကို လေ့လာစစ်ဆေးပြီး၊ ဆက်လက်၍ပို့ဆောင်ပေးပါမည်။
  • စစ်မှန်သောစားသောက်ကုန် တနည်းအားဖြင့် တစ်ခုချင်းစီ ကိုယ်ပိုင်အရည်အသွေးရှိသောစားသောက်ကုန်ကို ဆက်လက်စိုက်ပျိုးတင်ပို့ပါမည်။
  • စိုက်ပျိုးသည့်သီးနှံကိုစားသုံးသည်ဖြစ်စေ၊ ကမ္ဘာမြေပေါ်တွင်ထားရှိသည်ဖြစ်စေ ဘေးကင်းလုံခြုံရသည့်ပုံစံဖြင့်ဆက်လက်စိုက်ပျိုးပါမည်။
  • စိုက်ပျိုးရေးလုပ်ငန်းလောကရှိ သဘာဝတရားနိယာမကိုနားလည်အောင်ကြိုးပမ်းပြီး၊ ဒေသခံများထံပြောပြပေးကာ နောင်မျိုးဆက်များထံဆက်လက်မျှဝေပေးမည်။
  • ကုန်ကျစားရိတ်ကိုတတ်နိုင်သလောက်လျော့ချပြီး၊ ရေရှည်တည်တံ့သောလုပ်ငန်းစီမံခန့်ခွဲခြင်းကိုဦးတည်၍ဆောင်ရွက်ပါမည်။
Translate »