“အစားအစာကိုထုတ်လုပ်ရာတွင်” မရှိမဖြစ်လိုအပ်သောအလုပ်တာဝန်

1965 နှစ်တွင် လယ်သမားတစ်ဦးမှစတင်လုပ်ဆောင်သည့် SHII-FARM
လက်ရှိဟင်းသီးဟင်းရွက်ထုတ်လုပ်ခြင်းမှ အအေးခံ၊ အခြောက်ခံလုပ်ငန်းအထိ One Stop Service ဖြင့်ဆောင်ရွက်လျက်ရှိပြီး၊ နှစ်စဥ် တန်ချိန် 8000 ခန့်သောကုန်စည်များကိုတင်ပို့နိုင်သည့် လယ်ယာကုန်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းအထိ အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့ပါသည်။

ယခုအခါ လုပ်ငန်းတိုးချဲ့ရန်အတွက် ဝန်ထမ်းများကိုခေါ်ယူလျက်ရှိပါသည်။
နောင်တွင်လည်း ပို၍များပြားသောဝယ်ယူသူများထံ ဘေးကင်းလုံခြုံစိတ်ချရပြီး၊ ကျန်းမာရေးနှင့်ညီညွတ်သော
ဟင်းသီးဟင်းရွက်တို့ကို ထုတ်လုပ်နိုင်ရန်အတွက် သင်တို့၏လုပ်အားကိုလိုအပ်ပါသည်။
အစားအစာကိုအလေးအနက်ထားပြီး၊ ကျွန်ုပ်တို့နှင့်အတူ အကောင်းဆုံးဟင်းသီးဟင်းရွက်ကို ထုတ်လုပ်ကြည့်ကြမလား?

ခေါ်ယူသည့်အလုပ်အကိုင်အမျိုးအစား

SHII-FARM ၏အဓိကဖြစ်သော လယ်ယာလုပ်ငန်းစီမံခန့်ခွဲမှု၊ အရည်အသွေးစီမံခန့်ခွဲ့မှု၊ စားသောက်ကုန်ထုတ်လုပ်ရေးစသည့် 3 နေရာတွင်ခေါ်ယူလျက်ရှိသည်။
တစ်ဦးချင်းစီ၏ဆန္ဒနှင့်သင့်လျော်မှုရှိမရှိကိုထည့်သွင်းစဥ်းစားပြီးမှ လုပ်ငန်းတာဝန်များကိုပေးအပ်ပါမည်။

ခေါ်ယူသည့်အလုပ်အကိုင်အမျိုးအစား 01

လယ်ယာလုပ်ငန်းစီမံခန့်ခွဲမှု

ပေးအပ်မည့်တာဝန်မှာ လယ်ယာလုပ်ငန်းစီမံခန့်ခွဲမှုမှ သီးနှံစိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းအထိ။ အတိအကျဆိုသော် လယ်ထွန်စက်မောင်းနှင်ခြင်းစသည့် လယ်ယာလုပ်ငန်းအားလုံး၊ လယ်ယာတွင်း၌ပေါင်းသင်ခြင်းစသည့်လွယ်ကူသည့်အလုပ်များကိုလည်းတာဝန်ယူရပါမည်။
လယ်ယာသီးနှံစိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းသည် အများအားဖြင့်ခန္ဓာကိုယ်ကိုလှုပ်ရှား၍ လုပ်ကိုင်ရသောကြောင့် လယ်ယာလုပ်ကိုင်မှသာရရှိနိုင်သည့် စိတ်သက်တောင့်သက်သာဖြစ်ခြင်းနှင့် အလုပ်လုပ်ရကျိုးနပ်သည့်ခံစားချက်များကိုရရှိနိုင်ပါသည်။ ကုန်တင်ယာဥ်မောင်းလိုင်စင်နှင့် တွဲကားယာဥ်မောင်းလိုင်စင်ရှိသူများကိုဦးစားပေးမည်ဖြစ်သော်လည်း လယ်ယာလုပ်ငန်းအတွေ့အကြုံမရှိသူများကိုလည်း ကြိုဆိုပါသည်။

ခေါ်ယူသည့်အလုပ်အကိုင်အမျိုးအစား 02

အရည်အသွေးစီမံခန့်ခွဲမှု

ပေးအပ်မည့်တာဝန်မှာ စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံတွင် Microbiological Survey နှင့် Process Control ပြုလုပ်ခြင်းဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာပျက်စီးခြင်း၊ သိပ္ပံနည်းအရထိခိုက်ပျက်စီးခြင်း၊ ဇီဝဗေဒအရပျက်စီးခြင်းကိုအစပြု၍ ဖော်ပြချက်မှားယွင်းခြင်း၊ ဓာတ်မတည့်မှုဖော်ပြချက်မှားယွင်းခြင်းတို့ကို ကာကွယ်နိုင်ရန် လုပ်ငန်းစဥ်ပုံစံကိုစဥ်းစားတီထွင်ခြင်းနှင့်စီမံခန့်ခွဲခြင်းတာဝန်ကိုပေးပါမည်။ လုပ်ငန်းခွင်နှင့် စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံတို့၏လုပ်ငန်းတာဝန်ကိုသိရှိနားလည်ရန် လိုအပ်ပြီး၊ အလုပ်ဝင်ပြီးနောက်ပိုင်း အတွေ့အကြုံမှတဆင့် လေ့လာသင်ယူရပါမည်။

ခေါ်ယူသည့်အလုပ်အကိုင်အမျိုးအစား 03

စားသောက်ကုန်ထုတ်လုပ်ရေး

စားသောက်ကုန်ထုတ်လုပ်ရေးအလုပ်သည် ကုမ္ပဏီတွင်း၌ စိုက်ပျိုး၊ ရိတ်သိမ်းထားသောဟင်းသီးဟင်းရွက်တို့ကိုရွေးခြင်း၊ ဖြတ်တောက်ခြင်း၊ အလေးချိန်ခြင်း၊ အိတ်ဖြင့်ထုတ်ပိုးခြင်းစသည့် ထုတ်လုပ်သည့်အလုပ်များဖြစ်သည်။ စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံတွင် အလုပ်အတွေ့အကြုံရချင်သူများ Forklift ယာဥ်မောင်းလိုင်စင်ရှိသူကိုဦးစားပေးပါမည်။
အထက်တန်းကျောင်းပြီးဆုံးထားပါက အတွေ့အကြုံမလိုအပ်ပေ။ ထုတ်လုပ်ရေးအပိုင်းကိုအခြေခံမှ သေချာစွာသင်ကြားပေးမည်ဖြစ်သောကြောင့် အတွေ့အကြုံမရှိသူများလည်း စိတ်ချလက်ချလျှောက်ထားနိုင်ပါသည်။

ခေါ်ယူသည့်အလုပ်အကိုင်အမျိုးအစား 04

ရုံးတွင်းဆိုင်ရာအလုပ်

① ရုံးပိုင်းဆိုင်ရာအထွေထွေ
ကုမ္ပဏီ၏ ရုံးပိုင်းဆိုင်ရာအထွေထွေအလုပ်ငန်းများကိုလုပ်ကိုင်ရပါမည်။ ဧည့်ခံခြင်း၊ လက်ဖက်ရည်ချခြင်း၊ ငွေတောင်းခံခြင်းနှင့် ဒေတာစီမံခန့်ခွဲခြင်း၊ တက်ရောက်မှုစစ်ဆေးခြင်းစသဖြင့်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အလွန်အရေးကြီးသောအလုပ်တာဝန်ဖြစ်ပါသည်။

② အရောင်းပိုင်း
SHII-FARM တွင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်တို့ကို အအေးခံဟင်းသီးဟင်းရွက်၊ အခြောက်ခံဟင်းသီးဟင်းရွက်၊ လက်ဖက်ခြောက်စသည်တို့အဖြစ်ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးရောင်းချလျက်ရှိသည်။ ရောင်းအား၊ ပစ္စည်းဖြည့်ခြင်း၊ ဖြန့်ဖြူးခြင်းစသည့်တို့ကို ဝယ်ယူသူနှင့်ဆက်ဆံရသည့်အလုပ်ဖြစ်သည်။

လျှောက်လွှာလိုအပ်ချက်

လျှောက်ထားနိုင်သည့်သူများ အထက်တန်းပြီးဆုံးပြီး အသက် 59 နှစ်အောက် (ပင်စင်အသက်ကိုကန့်သတ်ရန်)
※အတွေ့အကြုံမရှိသူ၊အသိအမှတ်ပြုလက်မှတ်မရှိသူနှင့် မြို့ပြမှကျေးလက်သို့အလုပ်ပြောင်းချင်သူများလျှောက်ထားနိုင်၊ အတွေ့အကြုံမလိုအပ်ပါ။
※ရုံးတွင်းဆိုင်ရာအလုပ်နှင့်ပတ်သက်၍ ကွန်ပျူတာကိုကောင်းမွန်စွာအသုံးပြုနိုင်သူ (Word, Excel, Email)
အလုပ်ခေါ်ယူသည့်ပုံစံ
(1)လယ်ယာလုပ်ငန်းစီမံခန့်ခွဲမှု
အမြဲတမ်းဝန်ထမ်း
(2)အရည်အသွေးစီမံခန့်ခွဲ့မှု
အမြဲတမ်းဝန်ထမ်း
(3)စားသောက်ကုန်ထုတ်လုပ်ရေး
အမြဲတမ်းဝန်ထမ်း၊ အချိန်ပိုင်း
(4)ရုံးတွင်းဆိုင်ရာအလုပ်
အမြဲတမ်းဝန်ထမ်း၊ အချိန်ပိုင်း
(5)ဂိုဒေါင်မန်နေဂျာ 
အမြဲတမ်းဝန်ထမ်း
အလုပ်လိပ်စာ
(a)
4881-17 Miyazaki Freeway Industrial Park, Oaza Hirowara, Takaharu-cho, Nishimorokata-gun, Miyazaki-ken.
(b)
Bldg., 3028 Mikanoyama, Nojiri-cho, Kobayashi-shi, Miyazaki-ken.
※အလုပ်အမျိုးအစားနှင့်လိုက်၍ အလုပ်နေရာအပြောင်းအလဲရှိသည်။
※ကားဖြင့်ရုံးတက်နိုင် (အခမဲ့ကားပါကင်ရှိ)။
ရုံးတက်ရုံးဆင်းအချိန် (a)8:00~17:15 (နားချိန် မိနစ် 75)
(b)7:30~16:45 (နားချိန် မိနစ် 75)
လုပ်အားခ
(အမြဲတမ်းဝန်ထမ်း)

အခြေခံလစာ: 147,263 ယန်း〜
(အချိန်ပိုင်း)

တစ်နာရီလုပ်ခ: 821 ယန်း〜
※အတွေ့အကြုံ၊ စွမ်းရည်တို့ကိုထည့်သွင်းစဥ်းစားပြီးဆုံးဖြတ်သည်။
ပိတ်ရက် တနင်္ဂနွေနှင့်အခြား၊ အိုဘွန်းပိတ်ရက် 3 ရက်၊ နှစ်သစ်ကူး 5 ရက်နှင့်အခြား၊ အခပေးအားလပ်ရက်
လူမှုဖူလုံရေး
(အမြဲတမ်းဝန်ထမ်း)

ခရီးစားရိတ် (တစ်လမ်းလျှင် ရုံးမှအကွာအဝေး 2 ကီလိုမီတာအထက်၊ အများဆုံးယန်း 2 သောင်း၊စည်းမျဥ်းသတ်မှတ်ချက်ရှိ)
လူမှုဖူလုံရေးအာမခံပါရှိပြီး
ယူနီဖောင်းပါရှိ (စက်ရုံဝန်ထမ်း)
ပင်စင်အသက် 60 နှစ်၊ ပင်စင်နှစ်တိုးအသက် 65 နှစ်အထိ
ကလေးပြုစုစောင့်ရှောက်ခြင်းခွင့်ယူနိုင်
အလုပ်သင်ကာလ 3 လ (တူညီသတ်မှတ်ချက်)
လစာတိုးခြင်း၊ ဆုကြေးငွေ (ဘောနပ်စ်)
အသေးစား လုပ်ငန်း အငြိမ်းစား ထောက်ပံ့ကြေး အပြန်အလှန် ထောက်ပံ့မှု စနစ် ကို အသုံးပြု၍ ခွဲထွက်ခွင့် ပေးချေခြင်း (စည်းမျဉ်း အချို့ ရှိသည်)
(အချိန်ပိုင်း)

ခရီးစားရိတ် (အကွာအဝေးနှင့်၊ စည်းမျဥ်းအရပေးဆောင်မည်)
ယူနီဖောင်းပါရှိ (စက်ရုံဝန်ထမ်း)
အလုပ်အာမခံ၊ လုပ်သားမတော်တဆမှုလျော်ကြေးအာမခံ
ပင်စင်အသက် 60 နှစ်၊ ပြန်လည်ခန့်အပ်သည့်စနစ်ရှိ(ပင်စင်အသက် 60 နှစ်ဖြစ်သော်လည်း၊ အသက် 60 နှစ် နှင့်အထက်လည်းလုပ်ကိုင်လျက်ရှိ)
လစာတိုးခြင်း / ဘောနပ်စ်များ
အသေးစား လုပ်ငန်း အငြိမ်းစား ထောက်ပံ့ကြေး အပြန်အလှန် ထောက်ပံ့မှု စနစ် ကို အသုံးပြု၍ ခွဲထွက်ခွင့် ပေးချေခြင်း (စည်းမျဉ်း အချို့ ရှိသည်)
အလုပ်လျှောက်ပုံအဆင့်ဆင့် ・ဝက်ဆိုဒ်မှလျှောက်ပါက
အောက်ပါ “Entry” ခလုတ်ကိုနှိပ်ပြီး၊ လိုအပ်သည့်အကြောင်းအရာတို့ကိုဖြည့်စွက်ပြီး ပေးပို့ပါ။

・ဖုန်းဖြင့်လျှောက်ပါက
အောက်ဖော်ပြပါဖုန်းနံပါတ်မှတဆင့် လျှောက်ပါ။
အထွေထွေဌာန၊ Kimura Shii:0984-42-5525

Entry