1965 နှစ်တွင် လယ်သမားတစ်ဦးမှစတင်လုပ်ဆောင်သည့် SHII-FARM
လက်ရှိဟင်းသီးဟင်းရွက်ထုတ်လုပ်ခြင်းမှ အအေးခံ၊ အခြောက်ခံလုပ်ငန်းအထိ One Stop Service ဖြင့်ဆောင်ရွက်လျက်ရှိပြီး၊ နှစ်စဥ် တန်ချိန် 8000 ခန့်သောကုန်စည်များကိုတင်ပို့နိုင်သည့် လယ်ယာကုန်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းအထိ အောင်မြင်စွာလျှောက်လှမ်းနိုင်ခဲ့ပါသည်။
ယခုအခါ လုပ်ငန်းတိုးချဲ့ရန်အတွက် ဝန်ထမ်းများကိုခေါ်ယူလျက်ရှိပါသည်။
နောင်တွင်လည်း ပို၍များပြားသောဝယ်ယူသူများထံ ဘေးကင်းလုံခြုံစိတ်ချရပြီး၊ ကျန်းမာရေးနှင့်ညီညွတ်သော
ဟင်းသီးဟင်းရွက်တို့ကို ထုတ်လုပ်နိုင်ရန်အတွက် သင်တို့၏လုပ်အားကိုလိုအပ်ပါသည်။
အစားအစာကိုအလေးအနက်ထားပြီး၊ ကျွန်ုပ်တို့နှင့်အတူ အကောင်းဆုံးဟင်းသီးဟင်းရွက်ကို ထုတ်လုပ်ကြည့်ကြမလား?
SHII-FARM ၏အဓိကဖြစ်သော လယ်ယာလုပ်ငန်းစီမံခန့်ခွဲမှု၊ အရည်အသွေးစီမံခန့်ခွဲ့မှု၊ စားသောက်ကုန်ထုတ်လုပ်ရေးစသည့် 3 နေရာတွင်ခေါ်ယူလျက်ရှိသည်။
တစ်ဦးချင်းစီ၏ဆန္ဒနှင့်သင့်လျော်မှုရှိမရှိကိုထည့်သွင်းစဥ်းစားပြီးမှ လုပ်ငန်းတာဝန်များကိုပေးအပ်ပါမည်။
ပေးအပ်မည့်တာဝန်မှာ လယ်ယာလုပ်ငန်းစီမံခန့်ခွဲမှုမှ သီးနှံစိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းအထိ။ အတိအကျဆိုသော် လယ်ထွန်စက်မောင်းနှင်ခြင်းစသည့် လယ်ယာလုပ်ငန်းအားလုံး၊ လယ်ယာတွင်း၌ပေါင်းသင်ခြင်းစသည့်လွယ်ကူသည့်အလုပ်များကိုလည်းတာဝန်ယူရပါမည်။
လယ်ယာသီးနှံစိုက်ပျိုးခြင်းနှင့်ရိတ်သိမ်းခြင်းသည် အများအားဖြင့်ခန္ဓာကိုယ်ကိုလှုပ်ရှား၍ လုပ်ကိုင်ရသောကြောင့် လယ်ယာလုပ်ကိုင်မှသာရရှိနိုင်သည့် စိတ်သက်တောင့်သက်သာဖြစ်ခြင်းနှင့် အလုပ်လုပ်ရကျိုးနပ်သည့်ခံစားချက်များကိုရရှိနိုင်ပါသည်။
ကုန်တင်ယာဥ်မောင်းလိုင်စင်နှင့် တွဲကားယာဥ်မောင်းလိုင်စင်ရှိသူများကိုဦးစားပေးမည်ဖြစ်သော်လည်း လယ်ယာလုပ်ငန်းအတွေ့အကြုံမရှိသူများကိုလည်း ကြိုဆိုပါသည်။
ပေးအပ်မည့်တာဝန်မှာ စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံတွင် Microbiological Survey နှင့် Process Control ပြုလုပ်ခြင်းဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာပျက်စီးခြင်း၊ သိပ္ပံနည်းအရထိခိုက်ပျက်စီးခြင်း၊ ဇီဝဗေဒအရပျက်စီးခြင်းကိုအစပြု၍ ဖော်ပြချက်မှားယွင်းခြင်း၊ ဓာတ်မတည့်မှုဖော်ပြချက်မှားယွင်းခြင်းတို့ကို ကာကွယ်နိုင်ရန် လုပ်ငန်းစဥ်ပုံစံကိုစဥ်းစားတီထွင်ခြင်းနှင့်စီမံခန့်ခွဲခြင်းတာဝန်ကိုပေးပါမည်။ လုပ်ငန်းခွင်နှင့် စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံတို့၏လုပ်ငန်းတာဝန်ကိုသိရှိနားလည်ရန် လိုအပ်ပြီး၊ အလုပ်ဝင်ပြီးနောက်ပိုင်း အတွေ့အကြုံမှတဆင့် လေ့လာသင်ယူရပါမည်။
စားသောက်ကုန်ထုတ်လုပ်ရေးအလုပ်သည် ကုမ္ပဏီတွင်း၌ စိုက်ပျိုး၊ ရိတ်သိမ်းထားသောဟင်းသီးဟင်းရွက်တို့ကိုရွေးခြင်း၊ ဖြတ်တောက်ခြင်း၊ အလေးချိန်ခြင်း၊ အိတ်ဖြင့်ထုတ်ပိုးခြင်းစသည့် ထုတ်လုပ်သည့်အလုပ်များဖြစ်သည်။ စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံတွင် အလုပ်အတွေ့အကြုံရချင်သူများ Forklift ယာဥ်မောင်းလိုင်စင်ရှိသူကိုဦးစားပေးပါမည်။
အထက်တန်းကျောင်းပြီးဆုံးထားပါက အတွေ့အကြုံမလိုအပ်ပေ။ ထုတ်လုပ်ရေးအပိုင်းကိုအခြေခံမှ သေချာစွာသင်ကြားပေးမည်ဖြစ်သောကြောင့် အတွေ့အကြုံမရှိသူများလည်း စိတ်ချလက်ချလျှောက်ထားနိုင်ပါသည်။
① ရုံးပိုင်းဆိုင်ရာအထွေထွေ
ကုမ္ပဏီ၏ ရုံးပိုင်းဆိုင်ရာအထွေထွေအလုပ်ငန်းများကိုလုပ်ကိုင်ရပါမည်။ ဧည့်ခံခြင်း၊ လက်ဖက်ရည်ချခြင်း၊ ငွေတောင်းခံခြင်းနှင့် ဒေတာစီမံခန့်ခွဲခြင်း၊ တက်ရောက်မှုစစ်ဆေးခြင်းစသဖြင့်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အလွန်အရေးကြီးသောအလုပ်တာဝန်ဖြစ်ပါသည်။
② အရောင်းပိုင်း
SHII-FARM တွင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်တို့ကို အအေးခံဟင်းသီးဟင်းရွက်၊ အခြောက်ခံဟင်းသီးဟင်းရွက်၊ လက်ဖက်ခြောက်စသည်တို့အဖြစ်ထုတ်လုပ်ပြီး တစ်နိုင်ငံလုံးရောင်းချလျက်ရှိသည်။ ရောင်းအား၊ ပစ္စည်းဖြည့်ခြင်း၊ ဖြန့်ဖြူးခြင်းစသည့်တို့ကို ဝယ်ယူသူနှင့်ဆက်ဆံရသည့်အလုပ်ဖြစ်သည်။
လျှောက်ထားနိုင်သည့်သူများ |
အထက်တန်းပြီးဆုံးပြီး အသက် 59 နှစ်အောက် (ပင်စင်အသက်ကိုကန့်သတ်ရန်) ※အတွေ့အကြုံမရှိသူ၊အသိအမှတ်ပြုလက်မှတ်မရှိသူနှင့် မြို့ပြမှကျေးလက်သို့အလုပ်ပြောင်းချင်သူများလျှောက်ထားနိုင်၊ အတွေ့အကြုံမလိုအပ်ပါ။ ※ရုံးတွင်းဆိုင်ရာအလုပ်နှင့်ပတ်သက်၍ ကွန်ပျူတာကိုကောင်းမွန်စွာအသုံးပြုနိုင်သူ (Word, Excel, Email) |
---|---|
အလုပ်ခေါ်ယူသည့်ပုံစံ |
|
အလုပ်လိပ်စာ |
※ကားဖြင့်ရုံးတက်နိုင် (အခမဲ့ကားပါကင်ရှိ)။ |
ရုံးတက်ရုံးဆင်းအချိန် | (a)8:00~17:15 (နားချိန် မိနစ် 75) (b)7:30~16:45 (နားချိန် မိနစ် 75) |
လုပ်အားခ |
|
ပိတ်ရက် | တနင်္ဂနွေနှင့်အခြား၊ အိုဘွန်းပိတ်ရက် 3 ရက်၊ နှစ်သစ်ကူး 5 ရက်နှင့်အခြား၊ အခပေးအားလပ်ရက် |
လူမှုဖူလုံရေး |
|
အလုပ်လျှောက်ပုံအဆင့်ဆင့် |
・ဝက်ဆိုဒ်မှလျှောက်ပါက အောက်ပါ “Entry” ခလုတ်ကိုနှိပ်ပြီး၊ လိုအပ်သည့်အကြောင်းအရာတို့ကိုဖြည့်စွက်ပြီး ပေးပို့ပါ။ ・ဖုန်းဖြင့်လျှောက်ပါက အောက်ဖော်ပြပါဖုန်းနံပါတ်မှတဆင့် လျှောက်ပါ။ အထွေထွေဌာန၊ Kimura Shii:0984-42-5525 |